Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 151 — Surah Al-Anam 6:151

“သင်တို့လာကြကုန်လော့။ ကျွန်ုပ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့အပေါ် မည်သည့်အရာများကို တရားမဝင် တားမြစ်သည်နှင့်စပ်လျဉ်း၍ ရွတ်ပြလိမ့်မည်။ (ယင်းတို့မှာ) မည်သည့်အရာကိုမျှ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ မကိုးကွယ်ကြရန်၊ မိဘတို့နှင့်အကောင်းဆုံးပြုမူပြောဆိုဆက်ဆံကြရန်နှင့်သင်တို့၏သားသမီးများကို ချို့တဲ့ဆင်းရဲမှုကြောင့် မသတ်ကြရန်တို့ ဖြစ်သည်။”ဟု ဟောကြားလော့။ ငါအရှင်မြတ်သည်ပင် သင်တို့နှင့်သူတို့ (သားသမီး) အား ရိက္ခာ (နှင့်လိုအပ်ချက်များ) ထောက်ပံ့ပေးတော်မူ၏။ ပေါ်လွင်ထင်ရှားသော၊ လျှို့ဝှက်ထိန်ချန်ထားသော စက်ဆုပ်ရွံရှာဖွယ်ရာ မကောင်းမှုအကုသိုလ်များ (ရာဂမကင်းသောအရာများ) အနားကို မချဉ်းကပ်ကြလေနှင့်။ (တရားတော်နှင့်အညီ ဖြစ်သည့် တရားမျှတသော) အမှန်တရားသစ္စာအပေါ် အခြေခံခြင်းမှအပ မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန်အသုံးချနိုင် သောစိတ်ဝိဉာဉ်) ကိုမျှ မသတ်ဖြတ်ရန် အလ္လာဟ်အရှင်မြတ် တားမြစ်တော်မူခဲ့၏။ ထိုသို့ပင် အရှင်မြတ်သည် သင်တို့အား ယင်း (ကျမ်းတော်) အားဖြင့် အသင်တို့ (အလေးအနက်) တွေးခေါ်ဆင်ခြင်၍ သိနားလည်ကြ ရန်အလို့ငှာ အမိန့်ညွှန်ကြားချက်ကို မှာကြားဆင့်ပြန်တော်မူ၏။”