Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 152 — Surah Al-Anam 6:152
မိဘမဲ့တို့ လူလားမြောက်သည့်အရွယ်ရောက်သည်အထိ (စေတနာကောင်းဖြင့် သူတို့ပိုင်၊ ပစ္စည်းဥစ္စာများ ကို ပိုမို၍ တိုးပွားစေရန်) အကောင်းဆုံးသော နည်းလမ်းမှတစ်ပါး သူတို့၏ဥစ္စာပစ္စည်းများသို့ မချဉ်းကပ်ကြလေနှင့်။ ထို့ပြင် (ချိန်တွယ်စရာများကို အသုံးပြု၍) ကုန်ဖလှယ်ရာ၌ အလေးချိန်ကို တရားမျှတစွာဖြင့် အပြည့်အဝ ချိန်တွယ်ပေးကြလော့။ ငါအရှင်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထား သော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင် သောစိတ်ဝိဉာဉ်) ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ (မနိုင်ဝန်ကို) ထမ်းစေတော်မူသည် မဟုတ်ပေ။ ဆွေမျိုးသားချင်းများဖြစ် သည့်တိုင် (သက်သေခံရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) ပြောဆိုဆက်ဆံကြသည့်အခါ တရားမျှတစွာနှင့်တိကျပြတ်သားစွာ ပြောဆိုကြလော့။ ထို့ပြင် အလ္လာဟ်ရှင်မြတ်နှင့်ထားရှိသော ကတိသစ္စာကိုလည်း ဖြည့်ဆည်း တည်ဆောက်ကြရမည်။ သင်တို့သည် အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟကြရန်အလို့ငှာ ယင်းတို့ကို သင်တို့အား အမိန့်ညွှန်ကြားချက်အဖြစ် မှာကြားတော်မူ၏။