Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 155 — Surah Al-Anam 6:155
ဤသည် ငါအရှင်မြတ်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် ကျမ်းတော်၊ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော ကျမ်းတော်ဖြစ်သောကြောင့် ယင်းကိုသာလျှင် လိုက်နာကျင့်သုံးကြပြီး သင်တို့သည် အရှင့်ကရုဏာ သက်ခံကြရရန်အလို့ငှာ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။