Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 157 — Surah Al-Anam 6:157

သို့တည်းမဟုတ် အကယ်၍သာ ကျွန်ုပ်တို့အား ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပိုမို၍ လမ်းညွှန်မှန်ရရှိသူတို့ထဲမှပင် ဖြစ်မည်ဟု ပြောကြလိမ့်မည်။ မုချပင် သင်တို့ထံသို့ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ရှင်းလင်းထင်ရှားသော သက်သေလက္ခဏာတော်၊ လမ်းညွှန်တော်နှင့်ကရုဏာတော်ရောက်ရှိလာခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်၏ အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍) ငြင်းဆန်ပြီး ယင်း (အာယာသ်သက်သေလက္ခဏာတော်) တို့မှ ရှောင်လွှဲသူထက် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍မမှန်မကန်ပြုသူ မည်သူ ရှိအံ့နည်း။ အရှင့်အာယာသ်သက်သေလက္ခဏာတော်များမှ ရှောင်လွှဲကြသူတို့အား သူတို့ရှောင်လွှဲတားမြစ်မှုများကြောင့် မကြာမီ ငါအရှင်မြတ်သည် အလွန်ဆိုးဝါးသော ပြစ်ဒဏ်ကို (ဆိုးကျိုးဆက်အဖြစ်) အစားပေးတော်မူမည်။