Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 158 — Surah Al-Anam 6:158
သူတို့သည် သူတို့ထံသို့ မလာအီကာစေတမန်များရောက်လာရန်လည်းကောင်း၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ် (သူတို့၏ပြဿနာများကို ဖြေရှင်းပေးရန်အတွက်) ရောက်လာရန်လည်းကောင်း၊ သို့မဟုတ် အသင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်အချို့ ရောက်လာရန်လည်းကောင်း၊ စောင့်ဆိုင်းနေကြသလော။ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်အချို့ရောက်ရှိမည့်နေ့တွင် ယခင်က ယုံကြည်ခြင်းမရှိခဲ့သော မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) ကိုမျှယင်း၏ယုံကြည်မှုကြောင့် အကျိုးပြုလိမ့်မည် မဟုတ်ပေ။ သို့မဟုတ် ယင်းယုံကြည်မှု၌ မည်သည့် ကောင်းမြတ်မှုကိုမျှ ရှာဖွေဆည်းပူးခဲ့မည် မဟုတ်ပေ။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “သင်တို့စောင့်ဆိုင်း စောင့်မျှော်၍သာ နေကြလော့။ မုချပင် ကျွန်ုပ်တို့လည်း စောင့်ဆိုင်းလျက်ပင် ရှိ၏။” ဟု ပြောလော့။