Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 159 — Surah Al-Anam 6:159

ဧကန်ပင်၊ သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက် ရေးလမ်းစဉ်) ကို (အကြွင်းမဲ့ ယုံကြည်လက်ခံရမည်ဖြစ်သော်လည်း ယင်းကို) အစိတ်စိတ်ခွဲ၍ ဂိုဏ်းဂဏကိုယ်စီ ဖြစ်စေခဲ့ကြသူများလည်း ရှိကြ၏။ သင်သည် ထိုသူတို့အထဲမှ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိပေ။ သူတို့၏အရေးကိစ္စများသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် လွှဲအပ်ပြီးဖြစ် (၍ အရှင်မြတ်၏တာဝန်သာ ဖြစ်) ၏။ ထို့နောက် (ထိုအရှင်မြတ်သည်ပင်) သူတို့၏ပြုမူကျင့်ကြံမှုများကို သူတို့အား (ထုတ်ပြန်ပြသတော်မူလျက်) သိစေတော်မူပေမည်။