Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 161 — Surah Al-Anam 6:161
ဟောကြားလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် ကျွန်ုပ်အား ဖြောင့်မတ်မှန်ကန်မြဲမြံသော လမ်းစဉ်တော်အတိုင်း လမ်းညွှန်တော်မူခဲ့ပြီ။ (ယင်းလမ်း စဉ်တော်မှာ) တမန်တော်အီဗ်ရာဟီးမ်၏လမ်းစဉ်ဖြစ်သော (တစ်ပါးတည်းသော အရှင်မြတ်ကိုသာ ကိုးကွယ်ပြီး) သန့်ရှင်းစင်ကြယ်သော ယုံကြည်မှုသစ္စာတရားပေါ် အခြေခံသည့် တည်တံ့ခိုင်မြဲသော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ပင်ဖြစ်၏။ ထို့ပြင် (တမန်တော်) အီဗ်ရာဟီးမ်သည် မည်သည့်အခါမျှ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ကြသော သူတို့ထဲတွင် အပါအဝင် မဖြစ်ခဲ့ပေ။