Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 164 — Surah Al-Anam 6:164

ဟောကြားလော။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံဖြိုးစေတော်မူသော အရှင်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသော ကိုးကွယ်ရာ အရှင်တစ်ပါးကို ကျွန်ုပ်ရှာဖွေရမည်လော။ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တိုင်းက (ယင်း၏စွမ်းရည်နှင့်အညီ ယင်းအပေါ်) တာဝန်ရှိသမျှမှလွဲ၍ ရှာဖွေဆည်းပူးစရာ မရှိပေ။ ထို့ပြင် မည်သည့် (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သူမျှ သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သယ်ပို့စရာ မရှိစေရ။ ထို့နောက် အသင်တို့အားလုံးသည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံသို့သာလျှင် ပြန်ကြ ရမည်။ ထိုအရှင်မြတ်သည်ပင်လျှင် ယင်း (ကျမ်းတော်) နှင့်စပ်လျဉ်း၍ သင်တို့သဘောထားကွဲလွဲခဲ့သမျှကို သင်တို့ အား (သိနားလည်စေရန်) သတင်းပေး သိစေတော်မူလိမ့်မည်။