Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 165 — Surah Al-Anam 6:165

ထိုအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်ကို ဆက်ခံသည့် ကိုယ်စားလှယ်တော်များအဖြစ် ဖြစ်စေ၍ ခန့်အပ်တော်မူပြီး (အရှင့်အမိန့်တော်နှင့်အညီ ယင်းကို ဖွံ့ဖြိုးတိုးတက်ခွင့်ပေးသည့်အနေဖြင့် သင်တို့အနက်မှ သင်တို့အား ပေးအပ်တော်မူသမျှ၌ သင်တို့အား စမ်းသပ်တော်မူနိုင်ရန်အလို့ငှာ) အချို့ကိုအချို့ထက် (ဉာဏ်စွမ်း၊ အရည်အသွေး၊ ဥစ္စာဓနနှင့် အရည်အသွေး) အဆင့်အတန်းများ ချီးမြှင့်တော်မူ၏။ မုချဧကန်၊ အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ချက်ချင်းလက်ငင်း လျှင်မြန်စွာ ဒဏ်ခတ် အရေးယူ တုံ့ပြန်တော်မူအရှင် ဖြစ်တော်မူ၏။ ထို့ပြင် (လူသားတို့၏စွမ်းရည်မတိမ်ကောရအောင် စည်းမျဉ်းတော်များချမှတ်သည်ကို မတော်တဆချိုးဖောက်မိ၍ အရှင့်ထံ ခွင့်လွှတ်ခြင်းတောင်းခံသူတို့အား) ထိုအရှင်မြတ်သည် ဧကန်ပင်၊ အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ (အရာခပ်သိမ်း တို့အပေါ်) အလွန်ပင် သနားကြင်နာတော်မူသော ကရုဏာဖြစ်တော်မူ၏။