Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Anam 6:19

“(အမှန်တရားကို တင်ပြရာ၌ ထောက်ခံအတည်ပြုနိုင်သည့် ခိုင်မာသောသက်သေခံများအနက်) မည်သူ၏သက်သေခံချက်က အခိုင်မာဆုံးနှင့်အတည်ပြုရန် အသင့်တော်ဆုံး ဖြစ်သနည်း။” ဟု မေးမြန်းလော့။ (လူသားလုပ် နည်းစနစ်များနှင့်လူသား၏အတွေးအခေါ်များသည် ကန့်သတ်ဘောင်အတွင်း၌ သာရှိသောကြောင့် တိကျသေချာသည့် အဖြေမပေးနိုင်ပေ။ သို့ဖြစ်၍) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ကျွန်ုပ် (တင်ပြနေသောအချက်များ) နှင့်သင်တို့ (မှန်ကန်သည်ဟု ယူဆနေသောအချက်များ) ကြားတွင် တိကျသေချာမှုကို အတည် ပြုပေးတော်မူမည့် “သက်သေတော်” ဖြစ်၏။” ဟု ဟောပြောလော့။ အကြောင်းမှာ ထိုအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကုရ်အာန်ကို သင်တို့အား ယင်းဖြင့် သတိပေးနှိုးဆော်နိုင်ရန်အလို့ငှာ ကျွန်ုပ်အပေါ်ဝယ် အရှင့်အမိန့်ဖြင့် ပို့ချရေးမှတ်ခြင်းခံရစေတော်မူ၏။ ထို့ပြင် ဤကျမ်းတော်မှာ မည်သူ့ထံသို့ပင် ရောက်ရှိစေသည်ဖြစ်စေ၊ အလ္လာဟ် အရှင်မြတ်နှင့်အတူ အခြားသော ကိုးကွယ်ရာများလည်းရှိသည်ဟု သင်တို့က အသေအချာပင် သက်သေခံနိုင်ကြ မည်လော။ (လူသားတို့အနက် မည်သူမျှ ထိုသို့သက်သေပြနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ အို၊ တမန်တော်) “ကျွန်ုပ်သည် (ထိုမှားယွင်းသည့်အချက်အတွက် မည်သည့်အခါမျှ မည်သည့်နည်းနှင့်မျှ) သက်သေခံနိုင်မည် မဟုတ်။” ဟု ဖြေဆိုလော့။ “ထိုအရှင်မြတ်သည် တစ်ဆူတည်းသာ တည်ရှိမြဲ၊ တည်ရှိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။ မုချဧကန်၊ ကျွန်ုပ်သည် အရှင်မြတ်မှအပ (လူသားတို့ ကြံစည်ဖန်တီး၍ ဆည်းကပ်ကိုးကွယ် နေကြသော အခြားသက်ရှိသက်မဲ့အစရှိသည့် ကိုးကွယ်ရာအားလုံးမှ လုံးဝ ကင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ထပ်ဆင့်ဟောပြောလော့။)