Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 21 — Surah Al-Anam 6:21
(လူသားတို့မှားယွင်းသည့် အတွေးအခေါ်အယူအဆများ ပေါ်မူတည်၍ ရုပ်တုဆင်းပွားများကို ကြံစည်ဖန်တီးလျက်) အလ္လာဟ်အရှင်မြတ်အပေါ် (အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍) မုသားအလီလီဖြင့် လုပ်ကြံပြုမူပြောဆိုသူ သို့မဟုတ် (စကြဝဠာအနှံ့တွေ့မြင်ရသော) အရှင့်အာယာသ်သက်သေလက္ခဏာတော်များ (ဖြစ်သည့် အရှင့်စည်းမျဉ်းနိယာမတရားများကို အလိုအလျှောက် ဖြစ်ပေါ်သည့် သဘာဝဟု) လိမ်လည်ကြွေးကြော်သူထက် (အရှင့် စည်းမျဉ်းချိုးဖောက်၍) မတော်မတရား မမှန်မကန် ပြုမူပြောဆိုသူ မည်သူ ရှိမည်နည်း။ မုချဧကန်၊ ထိုသို့ မတော်မတရား မမှန်မကန် ပြုမူပြောဆိုသူများသည် တိုးတက်အောင်မြင်စေတော်မူခြင်းခံရမည် မဟုတ်ပေ။