Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Anam 6:25

ထို့ပြင် သူတို့ထဲတွင် အသင် (တမန်တော်) ထံသို့ ရောက်လာ၍ (ကျမ်းတော်မြတ်ကုရ်အာန်ကို) နားထောင် ခဲ့ပြီးကြသောသူများရှိသော်လည်း (သူတို့၏မကောင်းသော အကြံအစည်များနှင့်လုပ်ရပ်များ၊ မာနာထောင်လွှားခြင်းနှင့်ရန်လိုမုန်းတီးမှုတို့ကြောင့် ထိုကျမ်းတော်ကို နားလည်နိုင်ရန် (ရှိသင့်ရှိထိုက်သော အရည်အသွေးများ လက်လွှတ်ခဲ့ကြသည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများပေါ်တွင် အဖုံးအကာကိုလည်းကောင်း၊ သူတို့၏နားများ၌ နားထိုင်းနားလေးမှုကိုလည်းကောင်း၊ ဖြစ်ပေါ်စေတော်မူ၏။ ထိုအခါ အကယ်၍ (အရာရာတိုင်း၏သဘောသဘာဝ၌ အရှင့်နိယာမတရားနှင့်မယုံမဖြစ်သော အမှန်တရားဆိုင်ရာ) အာယာသ်သက်သေလက္ခဏာတိုင်းကို တွေ့မြင်ကြပြီး အသင် (တမန်တော်) ထံ ရောက်လာကြလျက် အသင်နှင့်အပြန်အလှန် ဆွေး နွေးငြင်းခုံသည့် အချိန်အထိ ယင်းတို့ကို မယုံကြည်ကြသည့်အပြင် ထိုမယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် ရှေးခေတ်အခါက လူတို့၏ဒဏ္ဍာရီမျှသာဖြစ်သည်။” ဟု မဟုတ်မတရား ဆင်ခြေပေး၍ ငြင်းဆန်ခဲ့ကြ၏။