Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 26 — Surah Al-Anam 6:26

ထို့ပြင် သူတို့သည် ထိုကျမ်းတော်မှ သူတို့ကိုယ်တိုင် ဝေးဝေးရှောင်နေရုံသာမက အခြားလူတို့ကိုလည်း ယင်း (ကို နားထောင်လေ့လာခြင်း) မှ ပိတ်ပင်ဟန့်တားကြ၏။ ထိုသို့လုပ်ခြင်းသည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက်သာ အသုံးချခြင်းဖြင့် သူတို့ကိုယ်သူတို့ ဖျက်ဆီးနေကြသော်လည်း သူတို့မှာ သတိထားနိုင်စွမ်းမရှိကြပေ။