Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 28 — Surah Al-Anam 6:28

အမှန်မှာ သူတို့သည် ထိုသို့သော အရေးယူမှုနှင့်မကြုံရမီ (လောကီဘဝ၌ သူတို့၏မကောင်းသည့် အကြံအစည်ကြောင့် အမှန်တရားကို သိပါလျက်) ထိန်ချန်ဖုံးကွယ်ထားလေ့ရှိသော အချက်များသည် သူတို့အတွက် (သူတို့ရှေ့တွင်) ပေါ်လွင် ထင်ရှားလာပြီဖြစ်သောကြောင့် (အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရရန်သာ ထိုသို့ ပြောဆိုနေခြင်း ဖြစ်၏။) အမှန်စင်စစ်၊ သူတို့ပြန်ပို့ခံရလျှင်လည်း သူတို့အား မပြုလုပ်ရန် တားမြစ်ထားသောအရာများမှ (ရှောင်ကြဉ်ခြင်းမရှိဘဲ) ဒုံရင်းအခြေအနေ ပြန်ဆိုက်လျက် အမှန်ပင် လိမ်ညာသူများသာ ဖြစ်ကြလိမ့်မည်။