Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 3 — Surah Al-Anam 6:3

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း ကမ္ဘာဂြိုဟ်၌လည်းကောင်း (အရှင့်စီမံချက်ဆိုင်ရာ စည်းမျဉ်းနိယာမတရား၊ အရှင့်ပကတိအချုပ်အခြာနှင့်အရှင့်ဂုဏ်တော်များကို ထင်ရှားစေတော်မူလျက်) ရှိသမျှအရာအားလုံး၏အရှင် ဖြစ်တော်မူ၏။ အရှင်မြတ်သည် သင်တို့ လျှို့ဝှက်စွာ ကြံစည်ကြသည်ကိုလည်းကောင်း၊ လူသိရှင်ကြား ထင်ရှားစွာထုတ်ဖော်သည်ကိုလည်းကောင်း၊ သင်တို့၏ပြုမူကျင့်ကြံလုပ်ဆောင်သမျှ (အကောင်းအဆိုး) အလုံးစုံတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။