Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 30 — Surah Al-Anam 6:30

သို့သော် အကယ်၍ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသည့် အရှင်မြတ်၏ရှေ့တော်မှောက်သို့ ရပ်တန့်စေခြင်းခံကြရပြီး “(ယခုကြုံနေရသော) ဤအခြေအနေသည် အမှန်တရားနှင့်ပတ်သက်၍ ယခင်က ပြောခဲ့သည့်အရာများ မဟုတ်လော။” ဟု မေးမြန်းစဉ် သူတို့က “မှန်လှပါ၏။ အရှင်မြတ်သာ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ပင်ဖြစ်ပါ၏။” ဟု ဖြေဆိုကြလိမ့်မည်။ အရှင်မြတ်ကမူ “သင်တို့သည် ယခင်က အမှန်တရားကို မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ခြင်းကြောင့် (ယခုအခါ အကျိုးဆက်အဖြစ်) ပြစ်ဒဏ်၏အရသာကိုသာ မြည်းစမ်းကြလော့။” ဟု မိန့်တော်မူလိမ့်မည်။