Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 31 — Surah Al-Anam 6:31
ဧကန်မုချ၊ ထိုသူတို့သည် (ကောင်းကျိုး၊ ဆိုးကျိုး၏အကျိုးဆက်ကို အပြည့်အဝ ခံစားစေတော်မူရန်) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ဟူသော အရှင့်အမိန့်တော်နှင့်စပ်လျဉ်း၍ ရုတ်တရက် နောက်ဆုံးချိန် (ဖြစ်သော ရှင်ပြန်ထရမည့်နေ့) ရောက်လာသည်အထိ မဟုတ်မတရား လိမ်လည်ငြင်းဆန်ကြလျက် ဆုံးရှုံးပျက်စီး ကြလေပြီ။ (ထိုနေ့နှင့်ကြုံတွေ့သည့်အခါ) “ဤအချိန်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အား ပြောခဲ့သည်ကို ဥပေက္ခာပြု ပျက်ကွက်ခဲ့သည့်အတွက် နောင်တ ရမဆုံးဖြစ်နေရပါလား။” ဟု ပြောခဲ့ကြလိမ့်မည်။ အကြောင်းမှာ သူတို့ သည်သူတို့၏ကျောပြင်များပေါ်တွင် (လောကီ၌ လုပ်ခဲ့သော မကောင်းသော အတွေးအခေါ်အယူအဆနှင့်အပြုအမူတို့ဖြင့် ကြိုတင်ပို့ထားသော) ဝန်ထုတ်ဝန်ပိုးများကိုသာ တင်လျှက် ထမ်းရွက်ကြလိမ့်မည်။ ဧကန်ပင်၊ သူတို့ ထမ်းရွက်နေကြသည့် ဝန်ထုတ်ဝန်ပိုးသည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးလှကြောင်း သတိထားကြလော့။