Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 33 — Surah Al-Anam 6:33

(အို၊ ရစူလ်တမန်တော်) သူတို့၏လိမ်လည်စွပ်စွဲမှု၊ လှောင်ပြောင်မှုနှင့်မထီမဲ့မြင် ပြုမူဆက်ဆံမှုတို့ကြောင့်) အသင်သည် အမှန်ပင် စိတ်ဒုက္ခရောက်လျက် ဝမ်းနည်းနေသည်ကို ငါအရှင်မြတ် မုချပင် အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုသို့ ပြောဆိုနေကြသူတို့သည် အသင့်ကိုသာ မဟုတ်မမှန်ဟူ၍ ငြင်းပယ်နေကြသည် မဟုတ်ပေ။ အမှန်မှာ ထိုသို့ မဟုတ်မတရားစွပ်စွဲ၍ မမှန်မကန်ပြုမူပြောဆိုနေကြသူတို့သည် အလ္လာဟ်အရှင်မြတ်အာယာသ် သက်သေလက္ခဏာတော်များကိုသာ အာခံငြင်းပယ်နေကြ (ပြီး အသင့်ကို ယုံကြည်စိတ်အချရဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုကြောင်း၊ အသင့်အား မည်သည့်အခါမျှ လိမ်ညာသူဟု ခေါ်ဆိုနိုင်မည် မဟုတ်ကြောင်း သူတို့က ကောင်းစွာသိကြ၏။)