Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 34 — Surah Al-Anam 6:34
(သူတို့၏ပြုမူဆက်ဆံမှုကြောင့် ဝမ်းမနည်းလေနှင့်။) ဧကန်ပင်၊ အသင် (တမန်တော်) မတိုင်မီက (အရှင်မြတ်စေလွှတ်တော်မူခဲ့သည့်) ရစူလ်တမန်တော်များလည်း (သူတို့ယူဆောင်လာသည့် အရှင့်အမိန့်တော်များကို အကြောင်းပြု၍) မဟုတ်မတရား စွပ်စွဲ၍ ငြင်းပယ်ခြင်းခံခဲ့ကြရ၏။ သို့သော် ထိုရစူလ်တမန်တော်များသည် အရှင့်ကူညီစောင်မမှုများ သူတို့ထံရောက်သည်အထိ သူတို့အပေါ် စွပ်စွဲငြင်းဆန်ခဲ့သမျှနှင့်ဒုက္ခပေးခဲ့ခြင်းကို ကြံ့ ကြံ့ခံ သည်းခံခဲ့ကြရုံမက (သူတို့အနက်မှ မည်သည့် တမန်တော်ကမျှ) အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်များ၌ အပြောင်းအလဲလုပ်ခဲ့သူ မဖြစ်ခဲ့ပေ။ ထိုရစူလ်တမန်တော်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအနက်မှ အချို့သည် မုချပင် အသင် (တမန်တော်) ထံ ရောက်ခဲ့ပြီ ဖြစ်၏။