Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 35 — Surah Al-Anam 6:35

သူတို့၏ကလန်ကဆန် ပြုမူဆက်ဆံမှုများသည် အသင်တမန်တော်အပေါ် ဝန်လေးစရာဖြစ်ခဲ့လျှင် အသင် တတ်စွမ်းနိုင်ပါက မြေအောက်လှိုဏ်ခေါင်းတစ်ခုခုဖြစ်စေ၊ သို့မဟုတ် မိုးပေါ်လှေကားတစ်ခုခု ကိုဖြစ်စေ (ရအောင် ရှာဖွေပြီး) သူတို့တောင်းဆိုနေသော အံ့ဖွယ်လက္ခဏာတစ်ခုခုကို သူတို့အတွက် ယူဆောင်လာနိုင်၏။ သို့သော် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် လမ်းညွှန်မှန် ပေါ် လျှောက်လှမ်းခွင့် ပေးတော်မူနိုင်၏။ သို့ဖြစ်၍ သူတို့အားလုံး (အရှင့်စည်းမျဉ်းတော်ကို မသိနားမလည်သော) ပညာမဲ့များထဲတွင် အပါအဝင် မဖြစ်ကြစေရန်အလို့ငှာ (အရှင်မြတ်သည် လူသားအား လွတ်လပ်စွာ ရွေးချယ်ဆုံး ဖြတ်ပိုင်ခွင့် ပေးထားတော်မူသည့် အလျှောက် တမန်တော်များကိုလည်း အမှန်တရားနှင့်စပ်လျဉ်း၍ လူတို့အတွက် အသိပေးနှိုးဆော်သူများအဖြစ်သာ စေလွှတ်တော်မူ၏။ သူတို့၏စိတ်အလိုဆန္ဒများနှင့်ဆန့်ကျင်၍ အတင်းအဓမ္မ သာသနာပြုခွင့် ပေးထားတော်မမူပေ။)