Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 36 — Surah Al-Anam 6:36

(အရှင့်အမိန့်ဗျာဒိတ်တော်များကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) နာယူကြသူများသာလျှင် (အမှန်တရားဘက် ဖိတ်ခေါ်ခြင်းကို ကြည်ဖြူစွာ လက်ခံကြိုဆို၍) တုံ့ပြန်ဖြေကြားလိမ့်မည်။ သို့သော် (အမှန်တရားကို လက်ခံယုံကြည်နိုင်သည့် စွမ်းရည် ခန်းခြောက်သွား၍ အတွေးအခေါ် သေသွားသူများလည်း ဤလောကီဘဝကို စွန့်ရမည်သာ ဖြစ်ပြီး) အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသေသူများကို ရှင်ပြန်ထမြောက်စေတော်မူပြီးနောက် ထိုအရှင့် ထံတော်သို့ပင် သူတို့ကို လှည့်ပြန်စေတော်မူ (လျက် အရေးယူခြင်းခံရစေတော်မူ) မည်။