Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 37 — Surah Al-Anam 6:37

ထို့ပြင် သူတို့က “တမန်တော်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ထံတော်မှ သက်သေလက္ခဏာတစ်ခု သူ့ထံ အဘယ်ကြောင့် ချမှတ်ပေးအပ်တော်မူခြင်း မခံရသနည်း။” မေးမြန်းကြ၏။ “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အံ့ဖွယ်သက်သေလက္ခဏာတိုင်းကို သူ့အပေါ် ချမှတ်ပေးအပ်နိုင် စွမ်းရှိတော်မူသည့် အရှင်ဖြစ်တော်မူ၏။” ဟု တုံ့ပြန်ဖြေဆိုလော့။ သို့ရာတွင် သူတို့အနက်မှ အများစုသည် (အရှင့်အာယာသ်သက်သေလက္ခဏာတော်၏သဘောသဘာဝ၊ အရှင့်ဗျာဒိတ်တော်နှင့်လူ့ဘဝ၏အနှစ်သာရကို) သိနားလည်လိုစိတ် မရှိကြပေ။