Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 38 — Surah Al-Anam 6:38
(ကျမ်းတော်မြတ်ကုရ်အာန်ကို နားလည်ခြင်းမရှိစေရန် စိတ်နှလုံးတို့၌ သော့ခတ်ထားသူများသည် သူတို့၏ ပတ်ဝန်းကျင်၌ မြင်တွေ့နေရသော အမှန်တရားဆိုင်ရာ သက်သေလက္ခဏာတော်များကို တွေ့မြင်ကြားသိနိုင်ရန် သူတို့၏နားမျက်စိတို့ကို ဖွင့်ထားသင့်၏။) မြေပေါ်၌ သွားလာလှုပ်ရှားနေသော သက်ရှိသတ္တဝါများနှင့်လေထဲတွင် အတောင်ပံ နှစ်ဖက်ဖြင့် ပျံဝဲကျက်စားနေကြသော ငှက်သတ္တဝါများတွင်လည်း သင်တို့ (လူသားများ) ကဲ့သို့ပင် ယင်းတို့ (အသိုင်းအဝိုင်း၊ အသင်းအဖွဲ့နှင့်) အုပ်စုကိုယ်စီ ရှိကြ၏။ (စကြဝဠာကြီး၌ ပြီးပြည့်စုံသော ဘက်မျှခြေ နှင့်တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းတော်မူရန်အလို့ငှာ အရာရာတိုင်းကို ရည်ရွယ်ချက်ကိုယ်စီအတွက် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးဆုတ်ယုတ်စေတော်မူလျက် အရာခပ်သိမ်း၏ မူလဘူတအရင်း အမြစ်နှင့်သဘော သဘာဝများကို လောကရှိ စာအုပ်အားလုံး၏မိခင်ကျမ်းဖြစ်သော ကျမ်းမြတ်ကုရ်အာန်ထဲတွင် ဖော်ပြပါရှိစေတော်မူ၏။) ငါအရှင်မြတ်သည် ဤကျမ်းတော်၌ မည်သည့်အရာကိုမျှ ဥပေက္ခာပြုရန် ချန်လှပ် ထားတော်မူမည် မဟုတ်ပေ။ ထို့နောက် သူတို့အားလုံးသည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ပင် (ဤစကြဝဠာကြီး ပြောင်းလဲသွား၍ စကြဝဠာအသစ်တစ်ခု ဖြစ်ပေါ်စေတော်မူမည့်နေ့တွင် အားလုံးကို ရှင်ပြန်ထမြောက်စေတော်မူလျက်) စုရုံးခြင်းခံရလိမ့်မည်။