Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 39 — Surah Al-Anam 6:39
စင်စစ်၊ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့ သည်ကား နားပင်းသူများနှင့်ဆွံ့အသူများပင်ဖြစ်ကြလျက် (မှားယွင်းသည့် အတွေးအခေါ်နှင့်အယူအဆများကို ကိုယ်စားပြုသော) အမိုက်အမှောင်ထဲ၌ (တဝဲလည်လည်) ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အမှန်တရားကို သွေဖည်ငြင်းဆန်မှုကြောင့်) လမ်းမှား၌ပင် ရှိစေတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သော လမ်းစဉ်အတိုင်း (ဘဝဆောက်တည်နိုင်သည့်) အခြေအနေများ ဖြစ်ပေါ်စေတော်မူ၏။