Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 44 — Surah Al-Anam 6:44
ထို့နောက် သူတို့သည် (အရှင်မြတ်၏သွန်သင်ချက်များနှင့်သတိပေးနှိုးဆော်ချက်များကို) အစဉ်သတိရနိုင်ရန် ကျမ်းတော်အားဖြင့် ထပ်တလဲလဲ ရှင်းလင်းတင်ပြတော်မူခဲ့သည်ကို မေ့ပစ်ထားခဲ့ကြသည့်အချိန်အထိ ငါအရှင်မြတ်သည် သူတို့အတွက် (သူတို့အပေါ် အရှင့်ကရုဏာမိုးရွာချတော်မူသကဲ့သို့ ဖြိုးတိုးတက်မှုဆိုင်ရာ) တံခါးပေါက် အလုံးစုံတို့ကို ဖွင့်ပေးတော်မူခဲ့၏။ သူတို့သည် ငါအရှင်မြတ်ပေးအပ်တော်မူထားသည့် စည်းစိမ်ချမ်းသာတို့ဖြင့် ဝမ်းသာပျော်မြူးကြသည်အထိ အခွင့်အရေးပေးတော်မူပြီး) ရုတ်ချည်းဆိုသလို အရေးယူတော်မူသောကြောင့် သူတို့သည် (ဖြစ်စဉ်ကို မထိန်းသိမ်းဘဲ) မျှော်လင့်ချက်ကင်းမဲ့လျက် ထိုးကျသွားခဲ့ကြ၏။