Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 45 — Surah Al-Anam 6:45
ဤသို့ဖြင့် (နောက်ဆုံးတွင်) အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ဆန့်ကျင်၍ မမှန်မကန်လုပ်ကြသော လူမျိုးသည် ဘုံပျောက်၍ တစ်စစီကွဲခြင်း ခံခဲ့ကြရ၏။ (အရှင်မြတ်သည် ထိုသို့ဖြစ်ပေါ်လာစေရန် စည်းမျဉ်းနိယာမတော်များဖြင့် ထိန်းချုပ်တော်မူထားသောကြောင့်) ချီးမွမ်းချီးကျူးမှုနှင့်ကျေးဇူးတင်မှုအပေါင်းတို့သည် လောကခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ဖြိုးစေတော်မူပြီး အရာရာကို အရှင့်စည်းမျဉ်းတော်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်၏။