Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 46 — Surah Al-Anam 6:46

“အကယ်၍ အလ္လာဟ်အရှင်မြတ်က အမှန်တရားကို ကြားနိုင်စွမ်းရှိသော သင်တို့၏အကြားအာရုံများနှင့်အမှန်တရားကို မြင်နိုင်စွမ်းရှိသည့် သင်တို့၏အမြင်အာရုံများကို ရုပ်သိမ်းတော်မူပြီး (သနားညှာတာနိုင်စွမ်းနှင့်နားလည်နိုင်စွမ်းရှိသော) သင်တို့နှလုံးသားများ၏စွမ်းရည်များကို တံဆိပ်ခတ်နှိပ်၍ ချိတ်ပိတ်တော်မူခဲ့လျှင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့်အားကိုးစရာ အရှင်သခင်က သင်တို့အတွက် ထိုစွမ်းရည်များကို ပြန်လည်ယူဆောင်လာနိုင်မည်နည်း။” ဟု မေးမြန်းလော့။ ငါအရှင်မြတ်သည် အရှင့်အာယာသ်သက်သေလက္ခဏာတော်များ (ဖြစ်သော တစ်ပါးတည်းသော အရှင်၏နိယာမတော်သာ စကြဝဠာအနှံ့၌ ရှိကြောင်း) ကို မည်သို့ ရှင်းလင်းညွှန်းကြားတော်မူသည်ကို တွေးမြင်ဆင်ခြင် လေ့လာသုံးသပ်ကြလော့။ (အရှင်မြတ်က ရှင်းပြတော်မူသည့်အတိုင်း အရှင့်နိယာမတော်များကို အရာရာတိုင်း၌ တွေ့မြင်ကြပြီးနောက်) သူတို့သည် (သဘာဝ၊ တိုက်ဆိုင်မှုနှင့်အလိုအလျောက်ဖြစ်နေသည်ဟု ထင်မြင်ယူဆ၍) လွဲဖယ်ရှောင်ပြေးလျက် ရှိနေကြ၏။