Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 48 — Surah Al-Anam 6:48
(ယုံကြည်မှုနှင့်ဖြောင့်မတ်မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်း၏အကျိုးဆက်ဆိုင်ရာ) သတင်းကောင်းပါးသူများနှင့် (အရှင့်အမိန့်တော်အား ဖီဆန်ငြင်းပယ်ခြင်း၏ဆိုးကျိုးဆိုင်ရာ) သတိပေးနှိုးဆော်သူများအဖြစ်မှလွဲ၍ (အခြား မည်သည့်ရည်ရွယ်ချက်အတွက်မျှ) ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့ခြင်း မရှိပေ။ သို့ဖြစ်ပေရာ မည်သူမဆို ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုကုသိုလ်များကို ပြုမူလုပ်ဆောင်ကြလျှင် သူတို့အတွက် မည်သည့် စိုးရိမ်ကြောင့်ကြစရာမျှ ကျရောက်လာစရာအကြောင်းမရှိရုံသာမက သူတို့သည် ပူဆွေးသောက ရောက်ကြရမည်လည်း မဟုတ်ပေ။