Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 5 — Surah Al-Anam 6:5

ထိုသို့ဖြင့် အမှန်တရားသစ္စာ သူတို့ထံရောက်ခဲ့သည့်အခါတိုင်း ထိုအမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ (မဟုတ်မမှန် လိမ်လည်စွပ်စွဲလျက် ရည်ရွယ်ချက်ရှိရှိ) တမင်တကာ ငြင်းဆန်ခဲ့ကြ၏။ သို့ဖြစ်၍ မကြာမီ (ကွယ်လွန်ချိန် ရောက်လာသည့်အခါ) သူတို့လှောင်ပြောင်နေကြသော (သေခြင်းတရား၊ တမလွန်ဘဝ၊ သုခဥယျာဉ်နှင့်ငရဲမီး စသည့်) ထို (အကြောင်းအရာနှင့်ပတ်သက်သည့်) သတင်းစကားများ သူတို့ထံ ရောက်လိမ့်မည်။