Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 50 — Surah Al-Anam 6:50
(သူတို့က တမန်တော်ထံမှ အရှင့်အမိန့်တော်နှင့်မကိုက်ညီသည့် အံ့ဖွယ်လုပ်ရပ်များကို တောင်းဆိုခဲ့ကြ၏။) “ကျွန်ုပ်သည် ကျွန်ုပ်၌ အလ္လာဟ်အရှင်မြတ်၏ရတနာသိုက်ရှိသည်ဟု အသင်တို့ကို မည်သည့်အခါမျှ မပြောခဲ့ဖူးကြောင်း (သင်တို့အသိဆုံး) မဟုတ်လော။ ထို့ပြင် ကျွန်ုပ်သည် မလာအီကာစေတမန်တစ်ပါးဖြစ်၏။” ဟုလည်း သင်တို့ကို မည်သည့်အခါမျှ မပြောခဲ့ဖူးကြောင်း (အသင်တို့အသိဆုံး) မဟုတ်လော။ ကျွန်ုပ်သည် ကျွန်ုပ်ထံ ဝဟီ (ဗျာဒိတ်တော်ပို့ချခြင်း) ခံခဲ့ရသမျှကိုသာ တစ်သဝေမတိမ်း လိုက်နာ၏။” ဟု ဟောပြောလော့။ (မောက်မာမှုနှင့် အာခံမှုကြောင့် အမှန်တရားကို မြင်နိုင်စွမ်းမရှိသော) မျက် မမြင်များနှင့် (စိတ်ရင်းစေတနာ ဖြူစင်၍ လောကီဘက်လိုက်မှုကင်းသောကြောင့် မြင်နိုင်စွမ်းရှိသော) အလင်းရသူတို့သည် ထပ်တူထပ်မျှ ဖြစ်သလော။ အသင်တို့ အလေးအနက် ဆင်ခြင်သုံးသပ်နိုင်စွမ်း မရှိကြလေသလော။