Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 52 — Surah Al-Anam 6:52
အရှင့်စည်းမျဉ်းတော်များကို လိုက်နာနိုင်ရန်အတွက် ရှေ့ရှုဦးတည်ခြင်းကို တင်စားသည့် အရှင့်မျက်နှာတော်ဘက်သို့ ဦးတည်ရန် ရည်ရွယ်လျက် မနက်နှင့်ညနေချိန်တို့တွင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဟစ်ခေါ် တသ၍ ဆုတောင်းကြသူများကို (လူမျိုး၊ အသားအရောင်နှင့်ဆင်းရဲချမ်းသာကွာဟမှုကြောင့်) ခွဲခြားဆက်ဆံ၍ နှင်မထုတ်ကြလေနှင့်။ (သူတို့၏အသားအရောင်နှင့်အဆင့်အတန်းတို့အနက်မှ) မည်သည့်အကြောင်းရင်းကိုမျှ ထည့်တွက်၍ ဆက်ဆံရန် သင့်အပေါ်မှာ တာဝန် မရှိပေ။ ထို့ပြင် အသင် (တမန်တော်) ၏ မည်သည့်အကြောင်းရင်းကိုမျှ ထည့်တွက်၍ ဆက်ဆံရန် သူတို့အပေါ်မှာ တာဝန်မရှိသောကြောင့် သူတို့ကို ခွဲခြားဆက်ဆံသူများ (ထိုသို့ နှင်ထုတ်သူများ) သည် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍ မမှန်မကန် ပြုမူဆက်ဆံသူတို့အနက်မှ ဖြစ်လိမ့်မည်။