Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 54 — Surah Al-Anam 6:54
ငါအရှင်မြတ်သည် အာယာသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ယုံကြည်မှု အပြည့်အဝ ရှိကြသူတို့သည် အသင် (တမန်တော်)ထံ ရောက်လာသောအခါ သူတို့အား “အရှင့်ငြိမ်းချမ်းမှုနှင့်ကရုဏာတော်သည် သင်တို့အပေါ် ခညောင်းသက်ရောက်ပါစေ။” ဟု ပြောဆို၍ နှုတ်ဆက်လော့။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် လူသားတို့အား အရှင့်ကရုဏာတော်ဖြင့်သာ စောင့်ရှောက်တော်မူရန် (အရှင့်ဇာတိတော်အပေါ်) စည်းမျဉ်းများ ပြဋ္ဌာန်းတော်မူခဲ့ပြီ။ သို့ဖြစ်ပေရာ သင်တို့အနက်မှ မည်သူမဆို မသိနားမလည်ဘဲ မကောင်းမှုတစ်စုံတစ်ခုကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီးနောက် နောင်တကြီးစွာရလျက် အရှင့်စည်းမျဉ်းတော်ဘက်သို့ လှည့်ပြန်၍ ပြုပြင်လျှင် မုချဧကန် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။