Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 57 — Surah Al-Anam 6:57

ဟောပြောလော့။ “ဧကန်မုချ၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ဖြစ်သော မြင်သာထင်ရှားသည့် ရှင်းလင်းချက်ပေါ်တွင်သာ အခိုင်အမာရပ်တည်ပြီး သင်တို့က ယင်း (ကျမ်းတော်) နှင့်ပတ်သက်၍ (မဟုတ်မတရားစွပ်စွဲလျက်) ငြင်းပယ်ကြ၏။ သင်တို့က အလောတကြီး တောင်းဆိုလိုလားနေသည့် အရာများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တွင် လုပ်ပိုင်ခွင့် မရှိပေ။ အကယ်၍ တစ်စုံတစ်ခုအတွက် အမိန့်ပေးခဲ့လျှင် ယင်းသည် အလ္လာဟ်အရှင်မြတ်၏နှစ်မြို့မှုအတွက်သာ အရှင့်အမိန့်ပညတ်ချက်နှင့်အညီ ဆုံးဖြတ်လုပ်ဆောင်ခြင်း ဖြစ်၏။ ထိုအရှင်မြတ်သည်သာလျှင် အကောင်းမြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူပြီး အစဉ်အမှန်တရားသစ္စာနှင့်စပ်လျဥ်း၍ တင်ပြစေတော်မူ၏။”