Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 59 — Surah Al-Anam 6:59

ထို့ပြင် အရှင်မြတ်၏ထံတော်၌သာ မျက်ကွယ်ရာဟူသမျှ၏သော့များရှိပြီး ထိုအရှင်မှလွဲ၍ မည်သူမျှ (အရှင့်ခွင့်ပြုချက်မရဘဲ) ယင်းတို့ကို သိလိမ့်မည် မဟုတ်ပေ။ ထိုမျှမက ထိုအရှင်မြတ်သည် ကုန်းမြေနှင့်ပင်လယ်တို့၌ရှိသောအရာဟူသမျှကို အကြွင်းမဲ့ သိတော်မူ၏။ သစ်ရွက်များအနက်မှ သစ်ရွက်တစ်ရွက်ကြွေကျသည်ဖြစ်စေ၊ မြေကမ္ဘာ၏အမှောင်ထဲတွင် မြုပ်ကွယ်နေသော သစ်စေ့တစ်စေ့ဖြစ်စေ စိန်းလန်းစိုပြေသော အခြေအနေနှင့်ပူပြင်းခြောက်သွေ့သည့် အခြေအနေတို့ကိုဖြစ်စေ၊ သိသာထင်ရှားသော မှတ်တမ်းတော်၌ ရေးမှတ်တော်မူခြင်းမှအပ ရည်ရွယ်မဲ့ဖြစ်ပေါ်စေတော်မူသည် အလျှင်း မဟုတ်ပေ။