Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 60 — Surah Al-Anam 6:60

ထိုအရှင်မြတ်သည်ပင် ညအချိန်၌ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို အနားပေးတော်မူပြီး နေ့အချိန်တွင် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှကိုလည်း အကြွင်းမဲ့သိနေတော်မူသောအရှင်ဖြစ် တော်မူ၏။ ထို့နောက် လောကတွင် အရှင်မြတ်သတ်မှတ်တော်မူသည့် ကာလတစ်ခုကို ဖြတ်ကျော်၍ ကွယ်လွန်သွားပြီးနောက် ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူမည်။ ထို့နောက် ထိုအရှင့် ပြုမူကျင့်ကြံဆောင်ရွက်ခဲ့သမျှနှင့်စပ်လျဉ်း၍ (ဆိုးကျိုး၊ ကောင်းကျိုးတို့၏အကျိုးဆက်များ ရရှိခံစားစေမည့် စီရင်ချက်အား) သတင်းပေး သိစေတော်မူလိမ့်မည်။