Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 61 — Surah Al-Anam 6:61
ထိုအရှင်သည် အရှင့်အစေခံလူသားအားလုံးထက် အရာရာတွင် စွမ်းဆောင်လွှမ်းမိုးတော်မူသော အနန္တတန် ခိုးရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် သင်တို့အပေါ် သင်တို့ကွယ်လွန်ချိန်ရောက်သည်အထိ (သင်တို့ပြုမူကျင့်ကြံ လုပ်ဆောင်သမျှကို မှတ်တမ်းတင်ရန်) ထိန်းသိမ်းစောင့်ရှောက်မည့် (မလာအီကာစေတမန်ဖြစ်) သူများစေလွှတ်တော်မူပြီး (လောကီတွင် တာဝန်ပေးခံထားရသော အလုပ်တာဝန်များမှ) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အနားပေးတော်မူရန် ငါအရှင်မြတ်က စေလွှတ်တော်မူသည့်စေတမန်များသည် (တာဝန်ပေးသည့်အတိုင်းသာ ဆောင်ရွက်ပြီး) မည်သည့်တာဝန်ကိုမျှ ဥပေက္ခာပြုခြင်း မရှိကြပေ။