Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 63 — Surah Al-Anam 6:63
“အသင်တို့ကို ကုန်းမြေနှင့် ပင်လယ်ရေမျက်နှာပြင်တို့၌ (လူသားတို့အတွက် ဆိုးကျိုးဖြစ်စေသော အတွေးအခေါ်အယူအဆများ ရှောင်ကြဉ်စရာများနှင့်သတိထားရှောင်ကြဉ်ရမည့်) အမှောင်ထုမှ (အမိန့်ပေးညွှန်ကြားခြင်းဖြင့်) ကယ်တင်နေသူမှာ မည်သူနည်း။” ဟု မေးမြန်းလော့။ ငါအရှင်မြတ်သည်သာ ဤသည်တို့မှ သင်တို့ကို ကယ်တင်တော်မူနေခြင်းဖြစ်သည့်အတွက် အရှင့်အမိန့်ပညတ်ချက်များကို လူမြင်ကွင်း၌ဖြစ်စေ၊ တစ်ကိုယ်တော် သီးခြားနေပြီး မည်သူမျှ မသိနိုင်သော အခြေအနေ၌ဖြစ်စေ၊ အရှင့်ကို သိစိတ်ဖြင့် ဟစ်ခေါ်ကြွေးကြော်၍ သင်တို့ ကိုယ်တိုင်လိုက်နာရုံသာမက အခြားသူတို့ကိုလည်း ထိုသို့ လိုက်နာကျင့်သုံးရန် ဖိတ်ခေါ်တိုက်တွန်းကြလော့။ ထိုသို့ ကျင့်ကြံလိုက်နာကြလျှင် သင်တို့သည် အရှင့်ကျေးဇူးသိတတ်သူတို့အနက်မှ မုချ ဖြစ်ကြလိမ့်မည်။