Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 65 — Surah Al-Anam 6:65

ဟောပြောလော့။ ထိုအရှင်သည် အရာရာတိုင်းကို စွမ်းဆောင်တော်မူနိုင်သော အရှင်မြတ်ဖြစ်သည့်အ လျောက် သင်တို့အပေါ် သင်တို့၏အထက် (မိုးကောင်းကင်) မှ ဖြစ်စေ၊ သင်တို့၏ခြေများအောက် (ကုန်းမြေ အတွင်း) မှဖြစ်စေ၊ သို့မဟုတ် သင်တို့အချင်းချင်းကြား သဘောထားကွဲလျက် ဂိုဏ်းဂဏများခွဲခြင်းဖြင့် အချို့ကို အချို့က ဘေးဒုက္ခပေး၍ ဖြစ်စေ၊ ဘေးအန္တရာယ်နှင့်ပြစ်ဒဏ်များ ဖြစ်ပေါ်စေတော်မူ၏။ သင်တို့ သိနားလည်၍ ကျင့်သုံးနိုင်ကြရန်အလို့ငှာ အရှင့်အာယာသ် သက်သေလက္ခဏာတော်များအား မည်သို့ ရှင်းလင်းပြတ်သားစွာ တင်ပြတော်မူသည်ကို သင်တို့ ချင့်ချိန်တွေးမြင် လေ့လာသုံးသပ်ကြလော့။