Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 68 — Surah Al-Anam 6:68
ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များနှင့်ပတ်သက်၍ (ကဲ့ရဲ့ပြစ်တင်လှောင်ပြောင်သည့် သဘောဖြင့် ဆွေးနွေးခြင်း၌ အာရုံစိုက်၍ အရသာတွေ့နေကြသူတို့ကို အသင်တွေ့မြင်သည့်အခါ သူတို့က (ယင်းတို့ကိုရှောင်၍) အခြားသော ပြောဆိုဆွေးနွေးမှု၌ စိတ်ဝင်စားခြင်း မရှိသရွေ့ သူတို့နှင့်အတူ ထိုင်၍ ပါဝင်ဆွေးနွေးခြင်းမှ ရှောင်ကြဉ်လော့။ အကယ်၍ စေတန်မကောင်းဆိုးဝါးသည် အသင့်အား ဆွဲဆောင်ဖျား ယောင်း၍ မေ့လျော့စေနိုင်သည့် အခြေအနေရှိလျှင် သတိပေးနှိုးဆော်ချက်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ် အာန်ပါ အမိန့်ပညတ်ချက်များ) ကို သတိရပြီးနောက် အရှင့်စည်းမျဉ်းတော်အား ချိုးဖောက်လျက် မမှန်မကန် ပြုမူပြောဆိုသော လူမျိုးနှင့်အတူ မထိုင်ကြလေနှင့်။