Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 70 — Surah Al-Anam 6:70

သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ကစားခုန်စားစရာနှင့်စိတ်အလိုရမ္မက်အကြိုက် ဖျော်ဖြေစရာအဖြစ်သဘောထားပြီး လောကီ သက်တမ်းကို ကုန်ဆုံးစေခြင်းဖြင့် (သူတို့ကိုယ်သူတို့) လှည့်စားနေကြသူတို့အား လွှတ်ထားကြလော့။ ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစ နှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင် ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တစ်ခုအတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကိုယ်စားကြားဝင်အသနားခံပေးမည့်သူ မည်သူမျှ ရှိမည်မဟုတ်သောကြောင့် လောကီအရေးကိစ္စ များတွင် ပြုမူကျင့်ကြံဆောင်ရွက်၍ ရှာမှီးရရှိသောအကျိုးဆက်များကို လက်လွှတ် ဆုံးရှုံးစေခြင်းမခံရစေရန်နှင့် ရေးကိစ္စတိုင်းတွင် ထိုနဖ်စ်ဖြင့် တရားမျှတမှု မျှခြေအား အတိမ်းအစောင်း မဖြစ်စေဘဲ တရားမျှတမှုကို အကောင်အထည်ဖော်နိုင်ရန်တို့အတွက် ထိုကျမ်းတော်မြတ်ကုရ်အာန်ဖြင့် ဆုံးမသွန်သင်၍ အရှင့်စည်းမျဉ်းတော်များကို သတိရစေလော့။ ထိုသို့ သူတို့၏နဖ်စ်ကို အလွဲသုံးစားပြုခြင်းဖြင့် မျှော်လင့်ချက်ကင်းရသည်။ ပျက်စီးမှုကို သူတို့ ကိုယ်တိုင် ရှာမှီးသောကြောင့် သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်ခြင်းကြောင့် သူတို့အတွက် ပွတ်ပွတ်ကျွတ်ကျွတ်ဆူသည့် သောက်စရာများနှင့်ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ အသင့် ရှိ၏။