Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 71 — Surah Al-Anam 6:71

ဟောပြောလော့။ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကျွန်ုပ်တို့ကို မည်သည့် ကောင်းကျိုးနှင့်ဆိုးကျိုးကိုမျှ မပြုစွမ်းနိုင်သော အခြားကိုးကွယ်ရာများကို ဟစ်ခေါ်တသ၍ ကိုးကွယ်ရမည်လော။ အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းညွှန်တော်မူပြီးသည့်နောက်တွင် ကျွန်ုပ်တို့၏ခြေဖနောင့်ဘက်သို့ လှည့်ပြန်သွားကြရမည်လော။ စေတန်မကောင်းဆိုးဝါးသည် ဤကမ္ဘာဂြိုဟ်၌ သူ့ကို အထင်ကြီးလျက် အရူးအမူး စွဲလမ်း စရာဖြစ်အောင် ဆွဲဆောင်ဖျားယောင်းခြင်းဖြင့် သူ့အပေါင်းအဖော် ဖြစ်လာကြသူများပမာ ကျွန်ုပ်တို့ထံရောက်လာသည့် အရှင့်လမ်းညွှန်တော်ထက် သူ့ကိုဦးစားပေး ဟစ်ခေါ်တသ၍ ကိုးကွယ်ကြရမည်လော။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏လမ်းညွှန်တော်သာ စစ်မှန်သောလမ်းညွှန်ဖြစ်ပြီး ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို လော ကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်ပျိုး ထောင်တော်မူသော အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ အရှင့်ကျေနပ်နှစ်မြို့မှုအတွက်သာ အပ်နှံရန် အမိန့်ပေးခြင်းခံရ၏။”