Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 73 — Surah Al-Anam 6:73
ထိုမျှမက ထိုအရှင်သည်ပင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို (ပြီးပြည့်စုံသော ရည်ရွယ်ချက်များ၊ နိယာမတရားများ၊ အနှစ်သာရများနှင့်အခြေခံများပါဝင်သည့်) လိုက်ဖက်မျှတသော တိကျမှန်ကန်မှုဖြင့် ဖွဲ့စည်းဖြစ်တည် ဖြစ်ပေါ်စေတော်မူခဲ့၏။ အရှင်မြတ်၏ဗျာဒိတ်တော်သည် အမှန်တရားဖြစ်သည့်အလျှောက် (ယင်းတို့ ကို) ဖြစ်ပေါ်စေတော်မူသည့် အချိန်ကာလ၌ အရှင်မြတ်က “ဖြစ်စေ” ဟု မိန့်တော်မူသောကြောင့် ယင်းတို့ ဖြစ် လာခဲ့၏။ (လောကခပ်သိမ်းရှိ ဖြစ်တည်မှု ပုံစံအလုံးစုံကိုဖြစ်စေတော်မူသော အရှင်သည်ပင် အရှင့်နိယာမတော်များဖြင့် ထိုပုံစံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသည့် အရှင်ဖြစ်တော်မူ၏) ထို့ပြင် တံပိုးခရာ မှုတ်မည့်နေ့တွင် အခွင့်အာဏာသည် အရှင့်အချုပ်အခြာ၌သာ ရှိတော်မူ၏။ ထိုအရှင်မြတ်သည် (လူသားတို့၏ မျက်စိမှ ကွယ်နေသော) မျက်ကွယ်ရာများနှင့် (မျက်မြင်တွေ့ရှိကြသော) အထင်အရှားတွေ့ရသော အရာအားလုံး ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူပြီး (စီရင်ဆုံးဖြတ်မှုဆိုင်ရာ) အနန္တဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ သတင်းရနေတော်မူသော အရှင်ဖြစ်တော်မူ၏။