Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 76 — Surah Al-Anam 6:76
သို့ဖြစ်ပေရာ တမန်တော်အီးဗ်ရာဟီးမ်က ညအချိန် သူ့အပေါ် အမှောင်ထုကျယ်ပြန့်စွာ လွှမ်းမိုးဖုံးအုပ်လာသည့်အခါ သူသည် ကြယ်တစ်ပွင့်ကို တွေ့မြင်ခဲ့၏။ (ထိုအခါ သူက) ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် ဖြစ်မည်လော။” ဟု တွေးတောလျက် (စိတ်ထဲတွင်) အံ့အားသင့်စွာ ပြောဆိုခဲ့၏။ သို့သော် ထိုကြယ်ပွင့် ကွယ်ပျောက်သွားသည့်အခါ သူက “(သက်ပြင်းချက်လျက်) ကျွန်ုပ်သည် မှေးမှိန်ပျောက်ကွယ်သွားလေ့ရှိသော အရာများကို မနှစ်သက်ပေ။” ဟု ပြောခဲ့၏။