Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 80 — Surah Al-Anam 6:80

(ထိုအခါ) သူ့လူမျိုးတို့က သူနှင့်အငြင်းအခုံ ပြုခဲ့ကြလေ၏။ တမန်တော်အီးဗ်ရာဟီးမ်က “ကျွန်ုပ်အား လမ်းညွှန်တော်မူခဲ့သော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့က ကျွန်ုပ်နှင့်ငြင်းခုံလိုကြသလော။” ဟု မေးမြန်းခဲ့ပြီး “ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာမှလွဲ၍ သင်တို့က အရှင်မြတ်နှင့်တွဲဖက် တုပြိုင်၍ ကိုးကွယ်ကြသောအရာများကို မကြောက်ပေ။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အရှင့်ဉာဏ်တော်အနန္တဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်မူ၏။ သင်တို့သည် အလေးအနက်ဆင်ခြင်၍ သတိမမူကြလေသလော။” ဟု ဟောပြောခဲ့၏။