Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 81 — Surah Al-Anam 6:81
သင်တို့သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်နေသောအရာများနှင့်ပတ်သက်၍ အရှင့်ထံတော်မှ သင်တို့ထံ မည်သည့် (သက်သေအထောက်အထားနှင့်) အရာမျှ ချမှတ်ပေးအပ်ခြင်းမခံရသည့်အပြင် ယင်းတို့သည် သင်တို့အပေါ် ဩဇာအာဏာမလွှမ်းမိုးနိုင်သောကြောင့် သင်တို့ကိုယ်တိုင် ယင်းတို့ကို ကြောက်ရွံ့ခြင်း မရှိပါလျက် ကျွန်ုပ်သည် သင်တို့ကိုးကွယ်နေကြသော ထိုအရာများကို မည်သည့် အကြောင်းကြောင့် ကြောက်ရွံ့ ရမည်နည်း။ အကယ်၍ သင်တို့၌ အသိဉာဏ်ရှိကြလျှင် (တစ်ပါးတည်း တည်ရှိတော်မူပြီး အရာခပ်သိမ်းအပေါ် ဩဇာလွှမ်းမိုးတော်မူသောအရှင်မြတ်အား ကိုးကွယ်သူတို့နှင့်သင်တို့အပေါ် မည်သည့်ဩဇာအာဏာမျှ မသက် ရောက်စေနိုင်သည့် သက်မဲ့အရာများကို ကိုးကွယ်သူတို့ကြား) အုပ်စုနှစ်ခုအနက် မည်သည့်အုပ်စုက ဘေးကင်းလုံခြုံမှု ဆောင်ကြဉ်းပေးရာတွင် အမှန်ကန်ဆုံးနှင့်အသေချာဆုံး ဖြစ်မည်နည်း။