Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 83 — Surah Al-Anam 6:83
ဤသည် ငါအရှင်မြတ်က တမန်တော်အီးဗ်ရာဟီးမ်အား သူ့လူမျိုးတို့ကို (အမှန်တရားဘက်သို့ ဖိတ်ခေါ်ရာတွင်) အချေအတင် ပြောဆိုစဉ် ချီးမြှင့်တော်မူခဲ့သော ငါအရှင်မြတ်၏အကျိုးသင့်အကြောင်းသင့် ဆွေးနွေးချက်ပင် ဖြစ်၏။ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ဂုဏ် အဆင့်အတန်းနှင့်အခွင့်အလမ်းများဖြင့် ဂုဏ်ပေးမြှင့်တင်တော်မူ၏။ ဧကန်စင်စစ်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (အရေးကိစ္စအလုံးစုံကို စီရင်ဆုံးဖြတ်ရာတွင်) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏ဆိုးကျိုးကောင်းကျိုးအလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။