Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 84 — Surah Al-Anam 6:84

ထို့ပြင် တမန်တော်အီးဗ်ရာဟီးမ် (သားဖြစ်သူ) အီစဟာ့ခ်နှင့် (မြေးဖြစ်သူ) ယာကုဗ်တို့ကိုပါ ဂုဏ်ပေးချီးမြှင့် တော်မူပြီး သူတို့အားလုံးကို ငါအရှင်မြတ်က လမ်းညွှန်တော်မူခဲ့၏။ ထို့ပြင် သူတို့မတိုင်မီက တမန်တော်နူးဟ်နှင့်သူတို့၏သားစဉ်မြေးဆက်များအနက်မှ တမန်တော် ဒါဝူးဒ်၊ စုလိုင်မန်၊ အယူးဗ်၊ ယူစွဖ်၊ မူဆာနှင့်ဟာရွန် တို့ကိုလည်း ငါအရှင်မြတ်က လမ်းညွှန်တော်မူခဲ့၏။ ထိုသို့ပင် ငါအရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာအား အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်သူ) များကို သူတို့လုပ်ရပ်များ၏အကျိုးဆုလဒ်များ အပြည့်အဝ ချီးမြှင့်တော်မူခြင်းဖြင့် ဂုဏ်ပေးတော်မူခဲ့၏။