Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 90 — Surah Al-Anam 6:90

(အထက်တွင်ဖော်ပြခဲ့သည့် တမန်တော်များဖြစ်ကြသော) ထိုသူတို့သည် လမ်းညွှန်တော်မူခြင်းခံရသူများ ဖြစ်သောကြောင့် သင်တို့သည် သူတို့၏လမ်းညွှန်အတိုင်း လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် “ကျွန်ုပ်သည် (အရှင့်လမ်းညွှန်တော်ဘက်သို့ သင်တို့အား ဖိတ်ခေါ်ရာတွင်) ကျွန်ုပ်၏ဖိတ်ခေါ်မှုအတွက် သင်တို့ထံမှ မည်သည့် အကျိုးဆုလဒ်နှင့်အဖိုးအခကိုမျှ မျှော်လင့်တောင်းခံခြင်း၊ အလျှင်း မရှိပေ။ အမှန်မှာ၊ (ကျွန်ုပ်သည် ကျမ်းတော်ဖြင့် အသိပေးညွှန်ကြားနေသည့် ထိုသတင်းကောင်းသည်ကား လူသားအပါအဝင် လောကခပ်သိမ်းတို့အား (အရှင့်ကို သိစိတ်မြဲမြံစေမည့်) သတိပေးနှိုးဆော်ချက်သာ ဖြစ်သည်။”