Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 91 — Surah Al-Anam 6:91

(အလ္လာဟ်အရှင်မြတ်၏တန်ခိုးစွမ်းအားတော်နှင့်စစ်မှန်သော စီရင်ပြဋ္ဌာန်းခြင်း အခွင့်အာဏာကို သူတို့၏ စွမ်းရည်ဖြင့် မခန့်မှန်းနိုင်သော်လည်း) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အနက်မှ တမန်တော်များကို ရွေးချယ်တော်မူ၍ အမိန့်ပညတ်ချက်များအား ချမှတ်ပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ ဂျူးအချို့က) မည်သည့် လူသားတစ်ဦးတစ်ယောက်အပေါ်မျှ တစ်စုံတစ်ခုချပေးတော်မူရန် အလ္လာဟ်အရှင်မြတ်၌ စွမ်းအားမရှိဟု ပြောဆို ခဲ့ကြ၏။ “သင်တို့နှင့်သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့က မသိနားမလည်သောအရာများကို သင်တို့အား လမ်းညွှန်သွန်သင်ခဲ့ပြီး လူသားတို့အတွက် လမ်းညွှန်တော်နှင့်အလင်းတော်တို့ကို ချမှတ်ပေးအပ်တော်မူခဲ့ရာ သင်တို့သည် ယင်းကို သားရေပုရပိုက်ပြုလုပ်၍ ထုတ်ဖော်ခဲ့ကြသော်လည်း ယင်းမှ အချက်အလက်အများစုကိုမူ ထိန်ချန်ဖုံး ကွယ်ထားခဲ့ကြ၏။ တမန်တော်မူဆာသည် အသင်တို့ထံရောက်လာခဲ့စဉ်သူနှင့်အတူ ယူဆောင်လာခဲ့သော ကျမ်းတော်ကို မည်သူချမှတ်ပေးအပ်သနည်း။” ဟု မေးမြန်းလော့။