Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 92 — Surah Al-Anam 6:92

ငါအရှင်မြတ်သည် (မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော) ဤကျမ်းတော် (မြတ်ကုရ်အာန်) ကို အသင်တို့ လက်ဝယ်၌ရှိသည့် ယခင်ကျမ်းစာများအား မှန်၊ မမှန်ဟူသည် အတည်ပြုပေးရန်လည်းကောင်း၊ (ကမ္ဘာ့ဗဟိုချက် မဖြစ်သော) မိခင်ရွာ (မက္ကာ) နှင့်ယင်း၏ပတ်ပတ်လည်တွင်ရှိသော (အခြား ကမ္ဘာရွာများတွင်) နေထိုင်ကြသူများ၊ တမလွန်နောက်ဆုံးနေ့ကို ယုံကြည်သူများ၊ ကျမ်းတော်အပေါ်ယုံ ကြည်မှုအပြည့်ရှိသူများနှင့် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ခြင်းဖြင့် သီလစောင့်ထိန်းကြသူတို့အား သတိပေးနှိုး ဆော်ရန် ချမှတ်ပေးအပ်တော်မူခြင်း ဖြစ်၏။